ဟားခါး ဒီဇင်ဘာ ၁၆
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင်
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်
ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်နှင့် ထန်တလန်မြို့နယ်များကို
၁၁.၁၂.၂၀၂၁ ရက်နေ့မှစ၍ Stay at Home အစီအစဉ်မှ ပယ်ဖျက်ခဲ့ပြီးဖြစ်ရာ ဟားခါးမြို့နယ်ကျန်ရှိနေသေးသည့်အတွက်
Stay at Home အစီအစဉ်မှ ဖြေလျော့နိုင်ရေး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို
ဆက်လက်ပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း မြို့နှင့်နီးစပ်သည့် ကျေးရွာများသို့ ကွင်းဆင်း၍
RTD Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါရှာဖွေစစ်ဆေးခြင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်
ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုနှစ် ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံး
အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီး နိုင်ရေး ဆောင်ရွက်လျက်ရှိရာ
မိမိတို့ပြည်နယ်အတွင်း သတ်မှတ်ရာခိုင်နှုးန်းပြည့်မီအောင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး
နှံနိုင်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍
ဟားခါးမြို့နယ် ခရစ်ယာန်ဂိုင်းပေါင်းစုံ ဓမ္မအမှုဆောင်များအဖွဲ့ အတွင်းရေးမှူး သိက္ခာတော်ရ
ဆရာ ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင်
ပူးပေါင်းဆောင် ရွက်မှုခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊
ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးသည့်
အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်ကျောင်းသား ကျောင်းသူစာရင်းကောက်ယူမှုအခြေအနေ၊
ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း များနှင့် ဆက်လက်ထိုးနှံနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍
စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက်
အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာ ကွယ်၊
ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့်
ဆက်လက်ထိုးနှံ မည့်အစီအမံများ၊ မြို့နှင့်နီးစပ်သည့် ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉
ရောဂါ RTD ဖြင့် ရှာဖွေစစ်ဆေးဆောင်ရွက် မည့်အစီအမံများနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်
အိုမီခရွန် ကိုဗစ်ဗီဇ ပြောင်းရောဂါပိုးနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊
ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က Mask Campaign များဆက်လက်ဆောင်ရွက်ရေး၊
ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းသတ်မှတ်ချက်များ လိုက်နာရေးအတွက် ကြပ်မတ်ရေးနှင့်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရည်မှန်းဦ:ရေအတိုင်း ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေးတို့နှင့်
ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေးနွေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်
ဒုတိယတိုင်းမှူး တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
မောင်တက်လမ်း
No comments:
Post a Comment