ထိုသို့ ကျောင်းသား/သူများ ကျောင်းတက်ရောက်ပညာ သင်ကြားရာတွင်
ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး
ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Social Distancing စနစ်ဖြင့် စာသင်ခန်းအတွင်း
လူတစ်ဦးနှင့်တစ်ဦး လေးပေအကွာတွင်တည်ရှိစေပြီး face shieldနှင့် နှာခေါင်း စည်းများ
တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင်အထက်တန်းကျောင်း (၁၁)၊ အထက်တန်းကျောင်းခွဲ (၁၃) ကျောင်း၊ အလယ်တန်းကျောင်း ( ၁၄) ကျောင်းအလယ်တန်းကျောင်းခွဲ (၁၆) ကျောင်း၊မူလတန်း ( လွန်) ကျောင်း (၃၁) ကျောင်း၊ မူလတန်းကျောင်း(၁၃၀)ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ကြားရေး ကျောင်း(၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်းများတွင် ယနေ့ထိ အထက်တန်းတွင် (၁၅၂၉) ဦး၊အလယ်တန်းတွင်(၇၇၀၉) ဦးနှင့် မူလတန်းအဆင့်တွင် (၁၇၉၇၈) ဦးစုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၇၂၁၆) ဦးကျောင်းအပ်လက်ခံ၍ ကျောင်းတက်နေပြီး ဖြစ်သောလည်း တတိယလှိုင်း ကိုဗစ်- ၁၉ ကာလစာသင်ကျောင်းများ ယာယီပိတ်ထားရာမှ ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ တွံတေးမြို့နယ်တွင် ယနေ့ထိကျောင်း စတင်ဖွင့် သည်ရက်တွင် အထက်တန်း(၉၀၂)ဦး၊ အလယ်တန်း(၄၇၀၁)ဦး၊ မူလတန်း(၁၁၀၇၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၆၆၇၈)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးတို့အတွက် ကျောင်းစတင် ဖွင့်လှစ်သည့်နေရက်မှစ၍မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များ ကျောင်းအကျိုးတော် ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
No comments:
Post a Comment