ရန်ကုန် နိုဝင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) ကစီစဉ် ကျင်းပသည့် မကြာမီကျရောက်မည့် (၁၀၁)ကြိမ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် ဉာဏ်စမ်း စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲ ကျင်းပရခြင်းသည် မြန်မာတစ်မျိုးသားလုံးအတွက်၊
မမေ့သင့်မမေ့ထိုက်သည့် နေ့ထူး နေ့မြတ်များစွာရှိရာ၊ ယနေ့လူငယ်၊ လူရွယ်များအနေဖြင့်
မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်လာပြီးလူရည်မွန်၊ လူရည်ချွန်များ ပေါ်ထွန်းလာ၍
ဉာဏ်ရည်ပြည့်မီပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ရာ၊ ကလေးငယ်များပျော်ရွှင်စွာ
ပါဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
ယခုကျင်းပသည့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော ကလေးငယ်များအား၊
ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသာမက၊ (၁၀၁)ကြိမ်မြှောက်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်၊ ပြပွဲပြိုင်ပွဲများကို ဆက်လက်
ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိသည်။
အောင်မြင့်(ပြန်/ဆက်)
No comments:
Post a Comment