Tuesday, November 16, 2021

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ် Coronavirus Disease 2019 ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က တောင်ကြီးမြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျန်ရှိနေသေးပါကြောင်း၊ အခြားဒေသတွင် ကျဆင်းမှု တွေ့ရှိရပြီး တောင်ကြီးမြို့နယ် တွင် (၂၃၁)ဦး၊ ကလောမြို့နယ်တွင် (၁၃၈)ဦး ဆီဆိုင်မြို့နယ်တွင် (၆၉၂)ဦး၊ ပင်းတယ မြို့နယ်တွင် (၂၅၃)ဦး၊ ဟိုပုံးမြို့နယ်တွင် (၁၃၂)ဦး ရှမ်းတောင်ပိုင်း၌ တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်တွင် ရှမ်းအရှေ့ပိုင်း၊ ရှမ်းရှေ့အလယ်ပိုင်း၊ ရှမ်းတောင်၊ ရှမ်းမြောက် အပါ အားလုံးမြို့ နယ် အများပြားတွင် ရှမ်း(တောင်) ဆီဆိုင်၌ များပြားနေသောကြောင့် Semi Lockdown ချနိုင်မှသာ ရောဂါပိုး ကျဆင်းနိုင်မည် ဖြစ်ကြောင်း၊ ပင်လောင်းနှင့် ရပ်စောက်မြို့တို့တွင် ရောဂါကူးစက်မှု ကျဆင်းနေမှုကို တွေ့ရပါကြောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကျဆင်းပြီး တာချီလိတ်မြို့တွင် ကျဆင်းမှုမရှိပါကြောင်းနှင့် ပြည်တော်ပြန် များပြားနေပါကြောင်း၊ ကော်မတီဝင်များအားလုံးက ဝိုင်းဝန်းဆွေးနွေး ကြိုးစားပေးကြရန် ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှင့်ပတ်သက်၍ ဆွေးနွေးကာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးမြင့်သိန်းမှ ဆွေးနွေးကာ တက်ရောက် လာသူများမှ ဆွေးနွေးကြပြီး ရှမ်းပြည်နယ် (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည် များ ဖြည့်စွက်ပြောကြား ကာနိဂုံးချုပ်စကား ပြောကြား ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment