လွိုင်ကော်၊ နိုဝင်ဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့်ကျေးရွာ (AVIP) သင်တန်းကို နိုဝင်ဘာလ (၁၅) ရက် နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ် ရပ်ကွက်ရှိ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
ကယားပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး
ဦးစောဒီးဒီက အဖွင့်အမှာစကားပြောကြားပြီး လွိုင်ကော်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က ကျေးလက်ဦးစီးဌာန၏ ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများအကြောင်း
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
လွိုင်ကော်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး
(နည်းပညာ)ဒေါ်အိအိခင်က (AVIP) သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက်
တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် VDP ကျေးရွာဆောင်ရွက်မည့် မိုက်ကန်း ကျေးရွာနှင့်
ကျောက်ကြီးတောင်ကျေးရွာတို့မှ ဆွေးနွေးတင်ပြပြီး ကယားပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
လွိုင်ကော်မြို့နယ်ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး
စီမံကိန်း (VDP) ဖြင့် အိမ်ခြေ (၁၅၈)အိမ်၊ လူဦးရေ (၆၉၇) ဦးရှိသည့် လောဓလေးကျေးရွာအုပ်စု၊
မိုက်ကန်းကျေးရွာတွင် အရှည် (၁၂၅၀)ပေ၊ အကျယ် ၁၂ ပေ၊ လမ်းထု ၉ လက်မရှိ ကျောက်ချောလမ်းခင်းခြင်းကို
ခန့်မှန်းကုန်ကျငွေကျပ် (၁၀)သန်းဖြင့် လည်းကောင်း အိမ်ခြေ (၅၀)၊ လူဦးရေ (၁၅၆)ဦးရှိသည့်
နွားလဝိုးကျေးရွာအုပ်စု၊ ကျောက်ကြီးတောင် ကျေးရွာတွင် အရှည် ၅၀၀ ပေ၊ အကျယ် ၁၀
ပေ၊ လမ်းထု ၇ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းကို ခန့်မှန်းကုန်ကျငွေကျပ် (၁၀)သန်းဖြင့်
ကျေးရွာ(၂)ရွာ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
ကျေးလက်ဒေသ
ဖွံဖြိုးတိုးတက်ရေးစီမံကိန်း VDP ၏ ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများ ကိုယ်တိုင်
ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်ရေးဆွဲ
ဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ
လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ
ထွက်ပေါ်လာသော စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့်
ချိတ်ဆက်နိုင်စေရန် ဖြစ်သည်။
အဆိုပါသင်တန်းသို့
သင်တန်းသား ၁၂ ဦး တက်ရောက်ပြီး သင်တန်းကို ၁ ရက်ကြာ သင်တန်းပို့ချ ဆွေးနွေးသွားမည်
ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment