Saturday, November 13, 2021

ကချင်ပြည်နယ်၊ တိုင်းရင်းသားရေးရာ ၀န်ကြီးဦးကျော်မင်းခိုင်က ရ၀မ်အမျိုးသားယဉ်ကျေးမှု ပြတိုက်အား ကြည့်ရှုစစ်ဆေးပြီး ကောင်းမှုလုံနှင့် ကျောက်နဂါးအားဖူးမြော်ကြည်ညို

 




                                                                           မြစ်ကြီးနား   နို၀င်ဘာ ၁၃

ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင်သည် စစ်ဗျူဟာ (အခြေချ)ပူတာအိုမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းသိမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များ လိုက်ပါလျက် ယနေ့နံနက်(၈)နာရီမှစတင်၍ ရ၀မ်အမျိုးသားယဉ်ကျေးမှု ပြတိုက်အားကြည့်ရှု စစ်ဆေးပြီး ကောင်းမှုလုံနှင့် ကျောက်နဂါးအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာ၀န်ကြီးနှင့် တာ၀န်ရှိသူများသည် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပံ့ပိုးရန်ပုံ ငွေကျပ်သန်းပေါင်း(၄၀၀)ဖြင့် ဆောက်လုပ်ပြီးစီး ခဲ့သည့် ရ၀မ်အမျိုးသား ယဉ်ကျေးမှုပြတိုက်တွင် ရ၀မ်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့်ခေတ်ပေါ် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ၀န်ကြီးနှင့်တာ၀န်ရှိသူများသည် မချမ်းဘော့မြို့နယ်အတွင်း တည်ထားကိုးကွယ် လျက်ရှိသော ကောင်းမှုလုံ စေတီတော်နှင့်‌ ကျောက်နဂါးအားဖူးမြော်ကြည်ညိုကာ ကောင်းမှုလုံ စေတီတော်အတွက် အလှူငွေကျပ်နှစ်သိန်းပေး အပ်လှူဒါန်းရာ ကောင်းမှုလုံစေတီတော် ဂေါပက တာ၀န်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment