Saturday, November 13, 2021

ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၀င်းအတွင်း သန့်ရှင်းသာယာလှ‌ပရေးအတွက် ဌာနဆိုင်ရာများ၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ စစ်သည် ရဲမေများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီနား နို၀င်ဘာ ၁၃

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်က ဦးဆောင်၍ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်၊ ရဲမေများ၊ မီးသတ် တပ်ဖွဲ့၀င် များက ယနေ့ နံနက် ၇ နာရီအချိန်မှစ၍ မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်းသန့်ရှင်း သာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးအား ဆောင်ရွက်ခဲ့သည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာခြင်းကို ပြည်နယ်၀န်ကြီးချုပ်သည်‌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ၊ ‌ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်၊ ရဲ‌မေများ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့် မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများက မြစ်ကြီးနားတက္ကသိုလ် ပရ၀ဏ်အတွင်း လမ်းဘေး ဝဲ/ယာတစ်လျှောက် ချုံ၊ နွယ်၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့သည်။

အဲ့ဒီ‌နောက် ပြည်နယ်၀န်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်အတူ မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ထပ်မံဆောင်ရွက်ရမည့် အစီအစဉ် များနှင့် ပတ်သက်ပြီး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ‌ကြောင်း သတင်းရရှိသည်။

ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment