မြေပုံ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ရှိတိုက်ပွဲရှောင်စခန်း(၁၁)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Sinovac (ဒုတိယအကြိမ်)တိုးနှံခြင်းကို အောက်တိုဘာ ၁ရက်နေ့နံနက် (၉)နာရီအချိန်က စတင်ကာ သတ်မှတ်စုရပ်များ၌ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ၌
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦး လမ်းညွှန်မှု ဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာသန်းထွန်းဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့်စခန်းတာဝန်ခံများတို့
ပူးပေါင်း၍ ကာကွယ် ဆေးထိုးစုရပ် (၁၁)နေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာသတ်မှတ် စည်းကမ်းချက်များနှင့်အညီ အသက် (၁၈) နှစ်မှ(၆၅)နှစ်အတွင်း တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား(ဒုတိယအကြိမ်)
ထိုးနှံပေးလျက်ရှိသည်။
တင်ဝင်း
No comments:
Post a Comment