ရန်ကုန် အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ပရိပတ္တိ သာသနာ့ အကျိုးကို သယ်ပိုးထမ်းဆောင်နေကြသည့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်သံဃာ တော်များနှင့် ရဟန်းသာမဏေများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဆွမ်းကိစ္စနှင့်ပစ္စည်းလေးပါး အခက်အခဲ မရှိစေရေးအတွက် ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်၌ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ရှေးဦးစွာ
တက်ရောက်လာကြသော ဧည့်သည်တော်များက ဆရာတော်၊
သံဃာတော် အရှင်သူမြတ်များအား ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ခဲ့ကြပြီး တာမွေမြို့နယ်
ကျောက်မြောင်းအရှေ့ရပ်ကွက်ရှိ သာသနာ့ဇောတိ ပါလကျောင်းတိုက်မှ မြို့နယ်သံဃ နာယကအဖွဲ့
ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ကဝိနန္ဒထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ ပင့်သံဃာတော်အရှင်သူမြတ်များ
ရွတ်ပွားသရဇ္စျာယ်တော်မူသော မေတ္တာ သုတ်ပရိတ်တရားတော်အား နာယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးကိုးအောင် နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်အိတ် (၂၆၉)အိတ်၊ ဆီပိဿာချိန် (၄၀၃)ပိဿာနှင့်
စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းသော လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေကျပ်
(၄၁၅၀၀၀/-) တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ
အမျှပေးဝေခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး
ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း ပေါင်း (၇၃)ကျောင်းရှိပြီး
ရဟန်းသံဃာတော်နှင့်သာမဏေ စုစုပေါင်း(၁၂၂၆)ပါးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ
သိရသည်။
နိုင်လင်းအောင်




No comments:
Post a Comment