မင်းဘူး အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ ကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံ ကျေးရွာ၊ ကွင်းအမှတ် (၁၂၀၃) ကျောက်စံကွင်းအတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေတွင် စိုက်ပျိုးထားသော JASMINE-105 လုံးသွယ်မွှေး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀) စိုက်ပျိုးထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ရှင်းလင်းဆောင်တွင် ဒေသခံ တောင်သူ (၂၇)ဦးနှင့်တွေ့ဆုံ၍ မျိုးစပါးစိုက်ပျိုးထားရှိမှု
အခြေအနေများနှင့် မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက် ပေးရမည့် အခြေအနေများကို ဆွေးနွေးမေးမြန်ရာ
ဒေသခံတောင်သူများမှ စိုက်ပျိုးမြေလယ်ဧက (၂၀၀) ကျော် တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့်
စိုက်ပျိုးရေရရှိရေးအတွက် ရေမြောင်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးနိုင်းရေးကို ဝိုင်းဝန်းတင်ပြကြရာ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်မှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခဲ့သည်။
ကျောက်စံကျေးရွာတွင် ဖူးပွင့်မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ရေး
သမဝါယမအသင်း လီမီ တက်မှ JASMINE-105 လုံးသွယ်မွှေး မိုးစပါးမျိုးစေ့ထုတ် ကန်ထရိုက်စိုက်ခင်း
ဧက (၁၀၀)ကို ကျောက်စံကွင်းအတွင်းရှိ ဒေသခံတောင်သူ (၂၇)ဦး၏ လယ်မြေတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင်
၈ လက်မပတ်လည် ကောက်ကွက်စနစ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)




No comments:
Post a Comment