ထားဝယ် အောက်တိုဘာ ၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီမြန်မာနိုင်ငံသားတိုင်ရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းများကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ထားဝယ်မြို့၊ဝဲကျွန်း ထိန်လယ်ရပ်ကွက်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများက
ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက် ပြီးစီး သည့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြား(17၇)ကတ်ကို ဒေသခံပြည်သူများထံလက်ဝယ်
အရောက်ပေးအပ်ခဲ့သည်။
ထားဝယ်မြို့၊ဝဲကျွန်းထိန်လယ်ရပ်ကွက်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင်
ရပ်ကွက်နေပြည်သူများ အား
အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာ ၈ ရက်နေ့အထိ
ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသိရပြီးပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော
ကတ်တစ်မျိုးမျိုးထုတ် ပေးရေးလုပ်ငန်းများကို (၃.၅.၂၀၂၁)
ရက်နေ့မှ(၃.၁၁.၂၀၂၂)က်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး


No comments:
Post a Comment