ထားဝယ် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကိုယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
တွေ့ဆုံပွဲတွင်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများကိုင်ဆောင်သင့်သည့်
ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ရပ်ကွက်/ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
တနင်္သာရီ တိုင်းဒေသကြီးအတွင်းနေထိုင်ကြသော ပြည်သူအားလုံးကိုဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့်
ကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ရရှိကိုင်ထားစေလိုကြောင်း၊
နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ လူမှုဘဝပြည့်စုံဖို့
နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ဆောင်ပုဒ်နှင့်အညီ
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ပန်းခင်းစီမံချက်အကြောင်း၊
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီးရပ်ကွက်/ကျေးရွာ
အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက်/ကျေးရွာ အတွင်းတွေ့ကြုံရသောအခက်အခဲများရှိပါက
ရင်းရင်းနှီးနှီးဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက တနင်္သာရီတိုင်းဒေ
သကြီးအစိုးရအဖွဲ့က ကျေးရွာများအရောက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင်မွန်၊ ကရင်၊ ထားဝယ်၊ ဆလုံလူမျိုးများရှိသည့်
အတွက် တိုင်းရင်းသားအခွင့်အရေးများစွာရှိကြောင်း၊ ပြည်သူများအနေဖြင့်ရရှိသော အခွင့်အရေး
များကိုလက်လွတ်ဆုံးရှုံးမခံပဲရယူသင့်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့်
ဆောင်ရွက်ပေးနေသောကြောင့် စီမံချက်တွင်
တိုင်းရင်းသားအခွင့်အရေးများစွာရှိကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအကြောင်း၊
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို
တက်ညီ/လက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
၄င်းနောက်တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလှူပွဲ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်နေသူများကို ဆက်လက် ထိုးနှံပေးရန်များအကြောင်း၊ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment