Wednesday, October 6, 2021

မတ္တရာမြို့နယ်၌ ပြည်သူ ၂၅၀၂၉ ဦးအား ပထမအကြိမ်နှင့် ၆၈၁၀ ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

 မတ္တရာ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုး နှံရသေးသူများအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အထက(မတ္တရာ) အောင်ဆန်းခန်းမနှင့်

ကျေးရွာများရှိ အခြားဆေးထိုးစုရပ်များတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ယနေ့အထိ မတ္တရာမြို့နယ်တွင် ပထမအကြိမ် (၂၅၀၂၉) ဦးနှင့် ဒုတိယအကြိမ် (၆၈၁၀) ဦးတို့ ထိုးနှံပေးပြီးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ် ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment