ပွင့်ဖြူ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်နေမှုများနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်း လည်ပတ်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့
ကွင်းဆင်းကြည့်ရှုရာတွင်
ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများအဖွဲ့သည်
ရှေးဦးစွာ
ပွင့်ဖြူမြို့နယ်
လယ်ကိုင်း
ကျေးရွာအုပ်စု၊
လှည်းကြီးကျေးရွာရှိ
ဒေသခံတောင်သူများ
စပါးသီးနှံ
စိုက်ပျိုးထုတ်လုပ်မှု
တိုးတက်မြင့်မာရေးအတွက်
၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊
တိုင်းဒေသကြီး
အစိုးရအဖွဲ့၏
ခွင့်ပြုရန်ပုံငွေဖြင့်
စိုက်ပျိုးလယ်မြေ(၂၀)ဧက
အကျိုးပြုမည့်
ဆိုလာစနစ်
အသုံးပြုစိုက်ပျိုး
ရေပေးဝေနေမှုများကို
ကြည့်ရှုရာ
မကွေးတိုင်းဒေသကြီး
ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှ
တိုင်းဒေသကြီးဦးစီးမှူး
ဦးမျိုးအောင်နှင့်
တာဝန်ရှိသူများက
ဆိုလာစနစ်ဖြင့်
စိုက်ပျိုးရေပေးဝေနေမှု
လုပ်ငန်းအား
ရှင်းလင်း
တင်ပြသည်။
ထို့နောက်
ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက
လှည်းကြီးကျေးရွာရှိ
တောင်သူ
ဦးခင်မောင်ထွန်း၏
မိုးစပါးစိုက်ခင်းအတွင်း
ဆိုလာစနစ်ဖြင့်
စိုက်ပျိုးရေပေးဝေနေမှုများကို
လှည့်လည်ကြည့်ရှုပြီး
ဒေသခံတောင်သူများ
လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်စေရန်နှင့်
စားနပ်ရိက္ခာ
ဖူလုံစေရန်အတွက်
ရာသီအလိုက်
သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်သွားရန်တို့ကို
ဆွေးနွေးမှာကြားသည်။
ဆက်လက်၍
ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများအဖွဲ့သည်
ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ
ကွင်းအမှတ်(၉၁၀)တွင်
စိုက်ပျိုးရေး
ဦးစီးဌာနမှ
ဆောင်ရွက်ထားရှိသော
သိပ္ပံနည်းကျ
အထူးအထွက်တိုးစနစ်ဖြင့်
မိုးစပါးစိုက်ခင်းဧက(၁၀၀)
စံပြကွက်သို့
ရောက်ရှိပြီး
တောင်သူများနှင့်
တွေ့ဆုံကာ
မိုးစပါးသီးနှံ
စိုက်ပျိုးရာသီတွင်
သီးနှံအထွက်နှုန်း ကောင်းမွန်ရေးအတွက်
ဆောင်ရွက်ရန်
နည်းလမ်းများကို
ဆွေးနွေးပြောကြားပြီး
စံပြကွက်
မိုးစပါးစိုက်ခင်း
အောင်မြင်ဖြစ်ထွန်းမှု
အခြေအနေအား
ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်
ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများအဖွဲ့သည်
ပွင့်ဖြူမြို့နယ်
အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနရုံး
ဗိုလ်ဥတ္တမခန်းမတွင်
ဒေသခံပြည်သူများအား
ကိုဗစ်-၁၉ရောဂါ
ကင်းဝေးစေရေး
အတွက်
ကာကွယ်ဆေးထိုးနှံပေးနေမှုများကို
ကြည့်ရှုစစ်ဆေးပြီး
ပြည်သူများ
စိတ်အေးချမ်းသာစွာ
ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်
လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးကာ
ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား
တွေ့ဆုံ၍
အားပေးစကား
ပြောကြားသည်။
ဆက်လက်၍
ဝန်ကြီးချုပ်
ဦးတင့်လွင်နှင့်
တာဝန်ရှိသူများအဖွဲ့သည်
ပွင့်ဖြူမြို့နယ်
သရက်အုပ်ကျေးရွာ
ကွင်းအမှတ်(၉၀၉)တွင်
ဖူးပွင့်မျိုးသန့်
စိုက်ပျိုးရေးနှင့်
အထွေထွေ
သမဝါယမအသင်းလီမိတက်မှ
စပါးသီးနှံစိုက်ပျိုး
ထုတ်လုပ်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး
အတွက်
အကောင်အထည်ဖော်
ဆောင်ရွက်နေသည့်
မျိုးစေ့ထုတ်စိုက်ခင်းများတွင်
ဆေးဖြန်းခြင်း၊
မျိုးကွဲနုတ်ပယ်ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်ဖြင့်
ဆင်းသုခစပါးစိုက်ခင်း
သီးနှံရိတ်သိမ်း
ခြွေလှေ့နေမှုနှင့်
ပေါ်ဆန်းနက်စပါးစိုက်ခင်း
စိုက်ပျိုးအောင်မြင်
ဖြစ်ထွန်းမှုများကို
ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်
ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ဖူးပွင့်
မျိုးကောင်းမျိုးသန့်
ထုတ်လုပ်ရေး
သမဝါယမ
အသင်းလီမိတက်
မျိုးစပါးအခြောက်လှမ်း
သန့်စင်စက်ရုံသို့
ရောက်ရှိပြီး
စပါးမျိုးကောင်း
မျိုးသန့်
ထုတ်လုပ်နေမှုများနှင့်
အအေးခန်းအတွင်း
မျိုးကောင်းမျိုးစေ့
သိုလှောင်ထိန်းသိမ်း
ထားမှုများကို
ကြည့်ရှုစစ်ဆေးရာ
ဖူးပွင့်
မျိုးကောင်းမျိုးသန့်
ထုတ်လုပ်ရေး
သမဝါယမ
အသင်းလီမိတက်မှ
မန်နေဂျင်းဒါရိုက်တာ
ဦးကျော်မိုးခိုင်
က တိုင်းဒေသကြီးအတွင်း
စပါးမျိုးကောင်းမျိုးသန့်
စိုက်ပျိုးထုတ်လုပ်
ဖြန့်ဖြူးပေးနေမှုနှင့်
စပ်လျဉ်းပြီး
ရှင်းလင်း
ဆွေးနွေးတင်ပြရာ
ဝန်ကြီးချုပ်က
တင်ပြချက်များအပေါ်
လိုအပ်သည်များကို
ပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်
ပေးခဲ့သည်။
ဆက်လက်၍
ဝန်ကြီးချုပ်နှင့်
အဖွဲ့သည်
ပွင့်ဖြူမြို့၊
အမှတ်(၄)ချည်မျှင်နှင့်
အထည်စက်ရုံ
အစည်းအဝေးခန်းတွင်
စက်ရုံမှူးနှင့်
ဝန်ထမ်းများအား
တွေ့ဆုံကာ
စက်ရုံလည်ပတ်နေမှုနှင့်
အရည်အသွေးမြှင့်
ချည်မျှင်ထုတ်လုပ်မှု
တိုးတက်ရေးအတွက်
ဆောင်ရွက်ရန်
လုပ်ငန်းများအား
ဆွေးနွေးမှာကြားပြီး
စက်ရုံအတွင်း
ချည်မျှင်ထုတ်လုပ်နေမှု
အဆင့်ဆင့်အား
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)

No comments:
Post a Comment