မလှိုင် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်း၍လည်းကောင်း၊ ရုံးသို့ခေါ်ယူ၍လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပန်းအိုင်ကျေးရွာအုပ်စုအတွင်းမှ နိုင်ငံသားကတ်မရရှိသေးသူများကို မြို့နယ်ရုံးသို့ ခေါ်ယူ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြား
ပြုလုပ်ရန် လာရောက်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက ပန်းခင်းစီမံချက်အကြောင်းနှင့်
နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသူများကို နိုင်ငံသား ကတ်ပြုလုပ် ပေးရသည့် ရည်ရွယ်ချက်၊
နိုင်ငံသား တစ်ဦးအနေဖြင့်ရရှိမည့် အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး ပန်းအိုင်ကျေးရွာမှ
နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူ (၄၆) ဦး တို့အားနိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး ခဲ့သည် ။
နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများနှင့် အိမ်ထောင်စု
လူဦးရေ စာရင်းများကို ပန်းခင်းစီမံ ချက်ဖြင့် (၃.၅.၂ဝ၂၁ )မှ စတင်ပြီး ကွင်းဆင်း၍လည်းကောင်း၊ ကိုဗစ် ကာလမှာ လူစု လူဝေးမဖြစ်
စေရန်နှင့် ရုံးဝန်ထမ်းများအား ရောဂါကူးစက်မှု ကင်းဝေးစေရန် အချို့ကျေးရွာများကို ရုံးသို့ခေါ်ယူ
၍ လည်းကောင်းကိုဗစ် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိသည်၊ မလှိုင်မြို့နယ်
တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားဆောင် ရွက် ပေးရန် (၁ဝ၆၂၁) ဦးရှိပြီး ဒီနေ့အထိ အသက်
၁၆ နှစ် နှင့် ၁၈ နှစ်အကြား (၃က) နှင့် အသက် ၁၈ နှစ် နှင့် အထက် (၆က) နိုင်ငံသားကတ်
မရရှိသေးသူ (၂၉၄၇) ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)
No comments:
Post a Comment