ထားဝယ် အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိအောက်ဆီဂျင်ထုတ်စက်နှင့် ကုသဆောင်များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသော ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ အားကုသရေး လုပ်ငန်းများဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် အတွက်ရည်ရွယ်၍အလှူရှင်မိသားစုက လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်(၂)လုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါအောက်ဆီဂျင်ထုတ်စက်(၂)လုံးမှာရန်ကုန်မြို့နေထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီလီမီတက်
ဥက္ကဋ္ဌဦးခင်စိုး၊ ဒေါ်အုန်းဇာဇာလွင်အဏ္ဏဝါလွှမ်းကုမ္ပဏီမိသားစု(ရန်ကုန်)
တန်ဖိုးငွေကျပ်သိန်း (၈၀၀)နှင့် ဝိသာခါ ဖောင်ဒေးရှင်းမှဦးဆောင်၍ရဟန်းရှင်လူပြည်သူများနှင့်အတူ
စုပေါင်းလှူဒါန်းသည့်‘‘ စုပေါင်းအလှူကျန်းမာအကူ’’အစီအစဉ် မှကျပ်သိန်း ၁၄၀၀ တန်ဖိုးရှိ
အောက်ဆီဂျင် ၅၀ Liter
/min ဖြင့် ထုတ်လွှတ်ပေးနိုင်သော
Oxygen Plant တို့ဖြစ်ပြီး တစ်နာရီ လျှင် ၄၀ လီတာဆံ့အိုး
၄ လုံး ထုတ်လုပ် နိုင်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို က
ကျောက်ကပ်ဆေးကုသမည့်လူနာများ အတွက် အဆောက်အဦ
ထားရှိမည့်မြေနေရာအားလည်းကောင်း၊သီးသန့်ကုသဆောင်နေရာတွင် (၆) ကုတင်ဆံ့ ကိုဗစ်လူနာများ
အတွက်အထူးကြပ်မတ်ကုသမည့်နေရာအားလည်းကောင်း၊ ခွဲစိတ်ကုသ ဆောင်ရှိရိုးရိုးလူနာအထူးကြပ်မတ်ကုသမည့်နေရာ
အားလည်းကောင်း၊ကိုဗစ်ပိုးရှိမရှိစစ်ဆေးနိုင်မည့် RT-PCR စက်ထားရှိမည့် Dawei Hospital Biosafety Laboratary အသစ် တည်ဆောက်နေသော အဆောက်အဦ အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုသက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)
No comments:
Post a Comment