Thursday, October 7, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုး‌‌ရေးလုပ်ငန်းများ အား ကြည့်ရှုစစ်ဆေး

 


နတ်တလင်း အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် အဖွဲ့သည် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်‌နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် အဖွဲ့သည် နတ်တလင်းမြို့နယ် ကံသာကျေးရွာ အုပ်စု ရန်ကုန်-ပြည် ကားလမ်းဘေးတွင် တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ ပြီးနောက် မြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေ သော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့် ကာကွယ်ဆေး ထိုးနှံမှုအခြေအနေများအား တွေ့ဆုံ မေးမြန်းခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နတ်တလင်း-တာပွန်လမ်း လမ်းဘေးအရှည်(၁)မိုင်၊ ဘေး (၃)ပေတိုးချဲ့ ဖောက်လုပ်နေသည့် လုပ်ငန်းအားလည်‌ကောင်း၊ အ.ထ.က(မြို့မ) ကျောင်းရှေ့ရှိ လမ်းဘေး(၁၀) ပေကွန်ကရစ် လမ်း ဖောက်လုပ်နေမှုအားလည်ကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သကျမဟာမြတ်မုနိဘုရားကြီးအား သွားရောက် ဖူးမြော်ခဲ့ပြီး မဟာဒွါရမြို့လယ်ပရိယတ္တိစာ သင်တိုက်ကျောင်းထိုင်ဆရာတော် ဥူးဇဋိလအား ဆန်(၂၀)အိတ်၊ ဆီ (၄၀)ပိဿာ၊ ဆား(၂၀)ပိဿာနှင့် အလှူငွေ(၃)သိန်းအားလည်ကောင်း ရတနာပုံမန္တလေးကျောင်း ကျောင်းထိုင် ဆရာတော် ဥူးဥတ္တမအား ဆန်(၂၀)အိတ်၊ ဆီ(၄၀) ပိဿာ၊ ဆား(၂၀)ပိဿာနှင့် အလှူငွေ(၃)သိန်းအား လည်ကောင်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အ.ထ.က(နတ်တလင်း) ကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုနှင့် တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ရွာသာကုန်းကျေးရွာ တောင်သူပညာပေး ရှေ့တန်းစခန်းသို့ ရောက်ရှိကာ တောင်သူ(၂၀)ဦးခန့်နှင့် တွေ့ဆုံ၍ ဆောင်းသီးနှံစိုက်ပျိုးစေ ရန်အတွက် အထွက်ကောင်းဆီနေကြာ ဆင်းရွှေကြာ(၂)မျိုးစေ့ကို ဧက(၂၀၀)အတွက် ပေးအပ်ခဲ့ရာ တောင်သူအသီးသီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)

No comments:

Post a Comment