နေပြည်တော် စက်တင်ဘာ ၂၃
နေပြည်တော်ကောင်စီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များကို ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်
က ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းDeltaရောဂါပိုးကြောင့်
ကမ္ဘာတစ်ဝှမ်းကူးစက်ခဲ့သလို မြန်မာနိုင်ငံတွင် ယခုနှစ်မေလကုန်ခန့်မှ စတင်ပြီး ကိုဗစ်-၁၉တတိယလှိုင်းအဖြစ်များစွာ
ရိုက်ခတ်ခံစားခဲ့ရတာ ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနဲ့
စေတနာဝန်ထမ်း Volunteerများမှ မိမိ၏ ကျန်းမာရေးနှင့်အသက်အန္တရာယ်ကို မငဲ့ကွက်ပဲ စိတ်ဓါတ်၊
စည်းလုံးမှု၊ အားလုံးပူးပေါင်းပါဝင် အားထုတ်မှုများဖြင့် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်
အနစ်နာခံ ဆောင်ရွက်ခဲ့ကြလို့ ကပ်ရောဂါအကြပ်အတည်းကို အတိုင်းအတာတစ်ခုအထိ ကျော်လွှား
နိုင်ခဲ့ကြတာ ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် နေပြည်တော်၏ ကိုဗစ်-၁၉ရောဂါ
တားဆီးကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို နေ့ညအချိန်မရွေး
စောင့်ကြည့်ကြပ်မတ်ပြီး အချိန်နဲ့တစ်ပြေးညီ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၏
ပါ၀င် ဝိုင်းဝန်းကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုကို ရောက်ရှိ
လာပြီ ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများမှာ
အဓိက နေရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊
စေတနာ့ဝန်ထမ်း Volunteerများကို နေပြည်တော်ကောင်စီအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပြီး
မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းကို
အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အရှိန်အဟုန်မပျက် အားလုံး ပူးပေါင်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း
တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်နိုင် က ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteerများအတွက်
ထောက်ပံ့ငွေများပေးအပ်ရာ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်နှင့်
တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော် ခုတင်(၃၀၀)ဆေးရုံအုပ်ကြီး
ဒေါက်တာသီတာစိုး နှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ဦးအောင်ပိုင်မင်း တို့က
ကျေးဇူးတင်စကား အသီသီးပြောကြားကြသည်။
ယနေ့ နေပြည်တော်ကာင်စီမှ ကိုဗစ်-၁၉ရောဂါကာကွယ်၊
ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့်
စေတနာ့ဝန်ထမ်း Volunteer များကိုထောက်ပံ့ငွေပေး အပ်ရာတွင် ကျန်းမာရေး ဝန်ထမ်းများအတွက်
ထောက်ပံ့ငွေကျပ် (၇၄၀၀၀၀၀)၊ စေတနာ့ဝန်ထမ်း Volunteerများ အတွက် ထောက်ပံ့ငွေကျပ်(၁၁၂၅၀၀၀၀)
စုစုပေါင်းငွေကျပ်(၁၈၆၅၀၀၀၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ထွန်းထွန်းဝင်း


No comments:
Post a Comment