မင်းတပ် စက်တင်ဘာ ၂၃
မင်းတပ်မြို့နယ်ကိုဗစ်-၁၉ ထိန်ချုပ်၊ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ယနေ့ နံနက် (၁၁)နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ လာရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒေါ်အေးအေးငြိမ်း(ညွှန်ကြားရေးမှူး)က ပစ္စည်းများ အသုံးပြုပုံများကို ရှင်းလင်းပေးပြီး မင်းတပ်မြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်၊ ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေထံ လွှဲပြောင်းပေးအပ် လှူဒါန်းပေးခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ မင်းတပ်မြို့ ကိုဗစ်-၁၉ ကော်မတီသို့ ထောက်ပံ့ပေးအပ်သည့် ပစ္စည်များမှာ အောက်ဆီဂျင် စက် (Oxygen Concentrator)(၁၀) လီတာ(၅)လုံး၊ အောက်ဆီဂျင်အိုး(၄၀) လီတာနှင့် စီးဆင်းမှု ထိန်းကိရိယာ(Oxygen Cylinder(40 Litre)and (Flow meter) (၅)လုံး၊ အောက်ဆီဂျင်အိုး (၁၀)လီတာ စီးဆင်းမှုထိန်းကိရိယာ(OxygenCylinder(10 Liter)and (Flow meter)(၅)လုံး၊ လက်သန့်ဆေးရေ (၁၀၀) မီလီလီတာ(Hand Gel(100 ml) (၃၀၀)ဗူး၊ ဆေးဖျန်းပုံးနှင့်ကလိုရင်း ဆေးရည်ဗူး (Spray+Chlorine) (၃)စုံ၊ တစ်ကိုယ်ရည် သွေးခုန်နှုန်းနှင့် အောက်ဆီဂျင်တိုင်းစက်(Pules Oximeter) (၃၀)ခု၊ မျက်နှာအကာ(Face Shield)(၁၄၄၀)ခု၊ ရပ်ရွာလူထုသုံးရေစစ်အိုး(Life Straw water filter for Community)(၂)လုံး၊ Full Personal Protective ltems(PPE) Level-3(၇၀)စုံ၊ လူနာစမ်းသပ်သည့် လက်အိတ် (Examination Glove)(၅၀)ပါ (၂၄၄)ဗူး၊ နှာခေါင်းစည်း(Surgical Mask)(၅၀)ပါ (၁၀၀)ဗူး၊ အနီအောက် ရောင်ခြည်အပူချိန်တိုင်းကိရိယာ(Infrared Thermometer) (၈)ခုနှင့် ခွဲစိတ်ခန်းသုံး ဝတ်ရုံ (Surgical gown)(၃၀၀)ခု ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)


No comments:
Post a Comment