ပေါက်ခေါင်း စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်က ပေါက်ခေါင်းမြို့နယ် အင်ငါးခွကျေးရွာ ကြံစိုက်ခင်းသို့ ရောက်ရှိပြီး ကြံပင်များ စနစ်တကျ စိုက်ပျိုးထားရှိမှုကို ကြည့်ရှု့ပြီး၊ အင်ငါးခွသကြားစက်သို့ ဝင်ရောက်ပြီး သကြားစက် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍
ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင်
မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ရောဂါ
ကူးဆက်ခံရမှု အခြေအနေများ၊ ရောဂါကာကွယ် ထိန်းချုပ်မှုများနှင့် ပက်သက်၍ မေးမြန်းခြင်းနှင့်
တိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်
ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော ကျန်းမာရေး ဝန်ထမ်းများနှင့်
Volunteer များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး၊ ပြည်သူ့ဆေးရုံအတွက် Oxygen
Concentrator များနှင့် ကူမှုကူညီရေးအသင်းများအတွက် PPE ဝတ်စုံ ၂၀၀၊ ခေါင်းစွပ် ၂၀၀နှင့်
ခြေစွပ် ၂၀၀ တို့ကိုပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment