မကွေး စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ဦးစီးဌာန ခရိုင်/မြို့နယ်ပညာရေးမှူးများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ
ပြန်လည် ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်
ရေး၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့်
စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ စနစ်တကျ ကြိုတင်ပြင်ဆင် ထားရှိနိုင်ရေး၊ ဆရာ၊ ဆရာမများအားလုံး
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသွားရန်နှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများအား
လည်းကောင်း၊ စာင်သင်ဆောင်များ သဘာဝ ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရေး
ကိစ္စရပ်များ၊ စာသင်ဆောင် တည်ဆောက်ရေး ကိစ္စရပ်များအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ
ပြီးစီးရေးနှင့် သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ ကြီးကြပ်
ဆောင်ရွက်ရန်နှင့် အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမအင်အားနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်
အခြေအနေများကို ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး
ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာ ကျော်လွင်က အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင်
ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေး ဝန်ကြီးဌာနမှ
ထုတ်ပြန် ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိမှု
အခြေအနေများ၊ စာသင်ဆောင် တည်ဆောက်ရေး ကိစ္စရပ်များအား သတ်မှတ် ကာလအတွင်း ပြီးစီးရေး
ဆောင်ရွက်နေမှု အခြေအနေများ၊ ဆရာ၊ ဆရာမ အင်အားဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား
ရှင်းလင်းပြောကြားကာ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တက်ရောက်နေသည့် ခရိုင်/မြို့နယ်
ပညာရေးမှူးများမှ ကျောင်းများပြန် လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ တည်ဆောက်ရေး လုပ်ငန်းများ
အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများ တင်ပြရာ တင်ပြချက်များ အပေါ်တိုင်းဒေသကြီး
အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း
သိရသည်။
ကိုစည်သူ(ပြန်/ဆက်)

No comments:
Post a Comment