သာယာဝတီ စက်တင်ဘာ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၁၀ နာရီက စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ အ.ထ.ကကျောင်း၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် စက်တင်ဘာလ ၄ ရက်နေ့တွင် ဖျက်သိမ်းပြောင်းရွှေ့အိမ် (၁၀)လုံး၊ လူဦးရေ(၃၇)ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ ဆန်ရိက္ခာထောက်ပံငွေ(၇၇၇၀၀) ကျပ်၊ စုစုပေါင်း(၁၀၇၇၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၀)အိမ်ထောင်စာ တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟို၊ သာယာဝတီမြို့နယ်ရဲစခန်းမှူး၊ စံရွေးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
သန့်ဇော်(သာယာဝတီ)

No comments:
Post a Comment