Monday, September 6, 2021

ဘူးသီးတောင်မြို့နယ် တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး (SINOVNC) ပထမအကြိမ်ထိုးနှံ


ဘူးသီးတောင် စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်းဝင်းရှိ တိုက်ပွဲရှောင် ပြည်သူ (၆၆)ဦးတို့အား ကိုဗစ် -၁၉ ကာကွယ်ဆေး (SINOVNC)ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လမ်းမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးရန် လာရောက်သည့်  အသက် ( ၆၅ ) နှစ်အထက် အဘိုး/အဘွားများ ဦးစားပေး စာရင်းရေးသွင်းခြင်း၊ အာခေါင်တို့ ဖက်ရယူကာ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ကြည့်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး (SINOVNC)ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်၊၊

 အဆိုပါကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်အထက် တိုက်ပွဲရှောင် ပြည်သူ(၂၀၇)ဦးတို့အား စက်တင်ဘာလ(၂)ရက်နေ့ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသေးသည့် (၆၆)ဦးတို့အား (ပထမအကြိမ်) ယနေ့နံနက်ပိုင်းက ထိုးနှံးပေးခဲ့ကြောင်း သိရသည်။

 ဘူးသီးတောင်မြို့နယ် လမ်းမဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၃၂)စု၊ လူဦးရေ (၁၃၅၁)ဦးရှိပြီး ဆေးထိုးနှံမည့်လူဦးရေ (၂၇၃)ရှိကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးအောင်ကျော်ထွန်းမှ သိရသည်။

လှကျော်(ပြန်/ဆက်)


No comments:

Post a Comment