Monday, September 6, 2021

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 



ကန့်ဘလူ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အစိုးရအဖွဲ့  ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်သို့ရောက်ရှိပြီး သဖန်းဆိပ်ဆည် ရှင်းလင်းဆောင်၌  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးစိုးနိုင်က ဆည်အတွင်းရေဝင်ရောက်မှု၊ တိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာများတွင် မိုးသီးနှံ၊ နွေသီးနှံများစိုက်ပျိုးရာတွင် ရေပေးဝေနိုင်မှုနှင့် တရားမဝင်ရွှေမျှောလုပ်ကိုင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  သဖန်းဆိပ်ရေအားလျှပ်စစ်စက်ရုံသို့ ရောက်ရှိပြီး သဖန်းဆိပ် ရေအားလျှပ်စစ်စက်ရုံမှူးက လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး သဖန်းဆိပ်ဆည်ကို လှည့်လည်ကြည့်ရှု၍  တာဝန်ရှိသူများအား လိုအပ်သည်များ ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွန်းလှမြို့သို့ရောက်ရှိပြီး ကျွန်းလှမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌  တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမျိုးတင့်ထူးက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီးဦးတင်သန်းဝင်းတို့က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ကာကွယ်ထိန်းလျုပ်ရေးကော်မတီသို့ ငွေကျပ် ၁၀ သိန်းနှင့် O2. Cylinder အိုး ၂၀ လုံး၊  Concentrator ၁၀ ခု၊ ကိုဗစ်- ၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၅ သိန်း၊ ဆေးရုံတက်ရောက် ကုသနေသောလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ငွေကျပ် ၅ သိန်းတန်ဘိုးရှိ စားသောက်ကုန်ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုပေး နေသော စေတနာ့ဝန်ထမ်းများအား ငွေကျပ် ၅ သိန်းတန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်များအား ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ  ဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြာဇံနှင့်ဆား တို့ကိုဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန့်ဘလူမြို့ ရွှေစည်ကြီးပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ရွှေစည်ကြီးဆရာတော်ဘုရားကြီး၏  ဆုံးမဩဝါဒခံယူ၍  ကန့်ဘလူမြို့နယ် အတွင်းရှိ ပရိယတ္တိစာသင်တိုက် ၅ တိုက်အတွက် ဆွမ်းဆန် ၂၄ ပြည်ဝင် ၄၅ အိတ်၊ ဆီ ၅ ပိဿာဝင် ၁၀ ပုံး၊ ဆား ၃၀ ပိဿာ၊ ကုလားပဲ ၂၄ ပြည်ဝင် ၅ အိတ်၊ ကြက်သွန်နီ ၄၀ ပိဿာဝင် ၁၀ အိတ်တို့အားဆက်ကပ်လှူဒါန်းခဲ့ပြီး မဟာရွှေစည်ကြီးစေတီတော်သို့ဝင် ရောက်ဖူးမြော် ကြည်ညို ခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတက်လူ နာနှင့်ဝန်ထမ်းများအား  ခေါက်ဆွဲခြောက်၊ကြက်ဥ၊ ကော်ဖီမစ်ထုပ်၊ ဓာတ်ဆားထုပ်များ ထောက်ပံ့ပေးအပ်ရာ ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုးက လက်ခံရယူခဲ့သည်။ ထို့နောက် ခုတင် ၁၀၀ ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံနှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာတည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေး ခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  နှင့်အဖွဲ့ဝင်များ၊ခရိုင် /မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားပြီး ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့  ငွေကျပ် ၁၀ သိန်း၊ O2 Cylinder ၂၀ လုံးနှင့် Concentrator ၁၀ ခု၊ ကိုဗစ်- ၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၅ သိန်း၊ ဆေးရုံတက်ရောက် ကုသနေသောလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် စေတနာ့ဝန်ထမ်း များအား ငွေကျပ် ၅ သိန်းတန်ဖိုးရှိ အခြေခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments:

Post a Comment