မြိတ် စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုအားလုံး၏ လက်ဝယ်တွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ပန်းခင်းစီမံချက် ဖြင့်ရပ်ကွက်/ ကျေးရွာများအထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦး စီးမှူးရုံးဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း(၅၅၀၂) စောင်နှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၉၁၅)ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်းနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ် သိက္ခာနဲ့ အညီ နေထိုင်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် မေလ(၃)ရက်နေ့မှစတင်ကာ အိမ်ထောင်စု စာရင်းမရှိသေး သည့် ပြည်သူများနှင့်အသက်(၁၆)နှစ်နဲ့(၁၈)နှစ်ကြား၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသည့် ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်ခရိုင်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၁၉)ခုနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်း(၅၅၀၂)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၉၁၅)ကတ်ကို လက်ဝယ်အရောက်ထုတ်ပေးခဲ့ပြီးဖြစ်ကာ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှသိရသည်။
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ရဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံသား တွေအား လုံးရဲ့လက်ထဲမှာနိုင်ငံသားစိစစ်ရေးကတ်တွေ အိမ်ထောင်စုစာရင်းတွေရရှိအောင် ဥပဒေနဲ့အညီ ဖြေလျောမှုများဖြင့် ဆောင်ရွက်ပေးနေပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နိုင်ငံသားအခွင့် အရေးတွေရရှိဖို့ ပြည်သူတွေအနေနဲ့ လိုလိုလားလားနဲ့ ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြိတ် ခရိုင်ဦးစီးဌာနမှူး ဦးထွန်းဇော်ဦး က ပြောသည်။
မြိတ်ခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်းကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်သူလူထုများအား လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများ၊ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စု စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှပြောင်းရွေ့နေထိုင်သူများအနက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး နိုင်ငံသားစိစစ် ရေးကတ်ပြားမရှိသူများ၊ ထိုသို့ပြောင်း ရွေ့နေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စု စာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားလည်းမရှိသူများကို အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး
No comments:
Post a Comment