Sunday, September 12, 2021

နမ့်ခမ်းမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ပြည်သူများ အသုံးပြုရန် Oxygen Plan တပ်ဆင်တည်ဆောက်လျက်ရှိ

 




နမ့်ခမ်း စက်တင်ဘာ  ၁၂

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသ နိုင်ရေးအတွက် လိုအပ်လျှပ်ရှိသည့် Oxygen Plan ကို ယနေ့ နံနက်ပိုင်း (၉)နာရီအချိန် နမ့်ခမ်း မြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံးဝန်းအတွင်း၌ စတင်တပ်ဆင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အတွက် အတည်ပြုလူနာများနှင့် ပြည်သူများက လိုအပ်လျှက်ရှိသည့် အောက်ဆီဂျင် ကို လွယ်ကူစွာ ရရှိ နိုင်ရေးအတွက် နမ့်ခမ်းဇာတိဖွား မန္တလေးမြို့တွင် နေထိုင်သည့် ဦးသိန်းမြင့်၊ ဦးမြင့်ရှိန်နှင့် ဦးစံတင် မိသားစုတို့မှ စုပေါင်းပြီး နမ့်ခမ်းမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် Oxygen Plan လှူဒါန်းပေးလျှက်ရှိရာ  Oxygen Plan ထားရှိရန် အဆောက်အဦ ဆောက်လုပ်ခြင်း၊ စက်လည် ပတ်နိုင်ရေးအတွက် လိုအပ်သည့် Transformer တပ်ဆင်ခြင်းနှင့် မီးလိုင်းများ သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိပါသည်။

ယခင်က နမ့်ခမ်းပြည်သူ့ဆေးရုံးတွင် အတည်ပြုလူနာများနှင့် ပြည်သူများမှ အသုံးပြုရန် အောက်ဆီဂျင်ကို နမ့်ခမ်းမြို့ (၁၅)မိုင်ခန့်ဝေးသည့် မူဆယ်မြို့ရှိ စယ်လန့်ကျေးရွာသို့ တာဝန်ရှိ သူများက (၁)ရက်လျှင် (၂)ကြိမ် သွားရောက် သယ်ယူဖြည့်တင်းလျှက်ရှိရာ ယခုတွင် ပြည်သူ့ ဆေးရုံဝန်းအတွင်း၌ Oxygen Plan တပ်ဆင်ပြီးပါက လိုအပ်သည့် အောက်ဆီဂျင်ကို လွယ်ကူ လုံလောက်စွား ရရှိနိုင်မည်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း Oxygen Plan စက်ကြီးအား လည်ပတ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)

No comments:

Post a Comment