ကျောက်မဲ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ဆေးချက်အရ ကျောက်မဲခရိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲ ဝန်ထမ်း ၅ ဦးနှင့် ဘဏ်ဝန်ထမ်းမိသားစုဝင် ၁ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့သောကြောင့် အဆိုပါမြန်မာ့စီးပွားရေးဘဏ်ကို စက်တင်ဘာ ၁၇ ရက်နေ့အထိ ခေတ္တပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
ယမန်နေ့က စစ်ဆေးတွေ့ရှိခဲ့သည့် ဘဏ်ဝန်ထမ်း ၅ ဦးအပါအဝင် ကျောက်မဲခရိုင် မြန်မာ့
စီးပွားဘဏ်ခွဲတွင် စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဝန်ထမ်းပေါင်း ၁၁ ဦးရှိပြီ
ဖြစ်ကြောင်းသိရပြီး ရောဂါကူးမှုများ ဆက်လက်မဖြစ်ပွားရေးအတွက် ဘဏ်ကို အသွားအလာကန့်သတ်နယ်မြေ
အဖြစ်သတ်မှတ်၍ ယာယီပိတ်ထားခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ
စက်တင်ဘာ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ
စုစုပေါင်း ၁၀၂၅ဦး၊ သေဆုံးသူ ၆၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူပေါင်း ၇၃၄ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)

No comments:
Post a Comment