Sunday, September 12, 2021

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ ပုလဲမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးအပ်

 




ပုလဲ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊   ယင်းမာပင်ခရိုင်၊   ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို့က အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူး  ဦးဝင်းလှိုင်ဦးက  စိုက်ပျိုးရေးဆိုင်ရာ   သွင်းအားစုများ   ထောက်ပံ့   ပေးအပ်ရခြင်း၏   ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ  ဝန်ကြီး   ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွန်ပေါင်းဓာတ်မြေသြဇာအိတ် (၅၀)အိတ်၊ ကျောက်မှုန့်မြေသြဇာအိတ်(၅၀)အိတ်၊ ဝါမျိုးစေ့အိတ် (၅၀)အိတ်၊  ရွက်ဖျန်းဆေး (၅၀)ထုပ်၊ EM (၁၀၀)လီတာနှင့် ပိုးသတ်ဆေးပုံး (၅)ပုံးကို ထောက်ပံ့ပေးအပ်ရာ   တောင်သူဦးကြီးများက   လက်ခံရယူခဲ့ပြီး   ဒေသခံတောင်သူများ ကိုယ်စား တောင်သူကြီး ဦးကျော်မြင့်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက်  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး အစိုးရ အဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  တောင်သူဦးကြီးများသည်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သဘာဝမြေသြဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းသရုပ်ပြ  ရှင်းလင်းမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)      

No comments:

Post a Comment