ကျောက်ထု စက်တင်ဘာ ၅
ဂန့်ဂေါခရိုင် ဆောမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ် Mobile Test Kit စနစ်ဖြင့် ယမန်နေ့ နံနက်က ကျောက်ထုမြို့ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်သူ ၈၈ ဦးကို စစ်ဆေးနိုင်ခဲ့၍ ၁၆ ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်းနှင့် စစ်ဆေးရာသို့ ကျောက်ထုမြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး၊ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ဖြူဖြူဝင်း၊ ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်လဲ့ဝေထက် တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်း သိရ သည်။
မောဟေမာန်

No comments:
Post a Comment