ဘူးသီးတောင် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းဝင်း ရှိ တိုက်ပွဲရှောင်ပြည်သူများအား ယမန်နေ့ နံနက်( ၁၀) နာရီအချိန်ကကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးရန် လာရောက်သည့် အသက် (၆၅) နှစ်အထက် အဘိုး/အဘွားများ ဦးစားပေး စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ကာ ကိုဗစ်- ၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်၊၊
အဆိုပါကိုဗစ်- ၁၉ကာကွယ်ဆေးထိုးနှံရာတွင် ဂန္ဓာရီပရဟိတကျောင်းဝင်းရှိ အသက်(၁၈)နှစ်အထက် တိုက်ပွဲရှောင်ပြည်သူ (၁၄၈)ဦး တို့အားသြဂုတ်လ(၁၀) ရက်နေ့ ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူ (၅၈)ဦးတို့အား ယနေ့ နံနက်ပိုင်းက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ဂန္ဓာရီပရဟိတကျောင်းတွင် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၈၇)စု၊ လူဦးရေ (၄၇၀ )ဦး ရှိပြီး ဆေးထိုးနှံမည့် လူဦးရေ (၂၀၆ ) ဦး ရှိကြောင်း ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးသိန်းမောင်မှ သိရသည်။
ဖြူဖြူဝင်း


No comments:
Post a Comment