လသာ စက်တင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အောက်ဆီဂျင်အပါအဝင် ကိုဗစ်အထောက်အကူပြု ဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြ၀တီနယ်စပ်မှ တစ်ဆင့် ခွင့်ပြုပေးလျက်ရှိရာ Liquid Oxygen အရည်(၁၂.၆)တန် သယ်ဆောင်လာသသည့် မော်တော်ယာဉ်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း သိရသည်၊၊
အဆိုပါအောက်ဆီဂျင်များကို ရွှေဗျိုင်းဖြူဆီရောင်းဝယ်ရောင်းကုမ္ပဏီမှ
လှူဒါန်းခြင်းဖြစ်ပြီး Faw တွဲကား (၂၂)ဘီးယာဉ်ကို
မန္တလာမင်းကားဂိတ်မှလှူဒါန်းခြင်းဖြစ်ကြောင်းနှင့် အောက်ဆီဂျင် ကားများ ရောက်ရှိမှုအခြေအနေကို
လသာမြို့နယ် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်မော် ဦးဆောင်သောအဖွဲ့က
သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါLiquid Qxygen များကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်
တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉
ရောဂါလူနာများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်၊၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်
ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်း ခွင့်အတွက် သွင်းကုန် လိုင်စင်လျှောက်ထားခြင်းအပေါ်
ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက်
နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment