တောင်ကုတ် စက်တင်ဘာ ၆
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် လူမှုရေးဝန်ကြီး ဦးအောင်မျိုး ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့ ကုတင်(၁၀၀) ပြည်သူဆေးရုံ အစည်းအဝေးခန်းမ၌ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်များ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က အဖွင့်အမှာစကား ပြောကြားပြီး
ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက အမှာစကားပြောကြားကာ တောင်ကုတ်မြို့နယ် ကုတင်(၁၀၀)ဆံ့
ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းဇော်မှ မြို့နယ်အတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေများနှင့်
ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လည်းကောင်း၊ မြို့မိ/မြို့ဖ ဦးကျောက်တောင်က COVID-19ရောဂါ
ဖြစ်ပွားနေစဉ် ကာလ အောက်စီဂျင် ရရှိရေး ဆောင်ရွက်မှုနှင့် အောက်စီဂျင်စက်ရရှိရေး အောက်စီဂျင်စက်ရုံ
တည်ဆောက်ရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အောက်စီဂျင်စက်ရုံ တည်ဆောက်ရေး အတွက်အလှူငွေကျပ်သိန်း
(၁၀၀)အားပေးအပ်ရာ မြို့မိ/မြို့ဖ ဒေါက်တာစံလှိုင်နှင့်ဦးထွန်းလှိုင်တို့က လက်ခံခဲ့၍
ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုဆုငွေကျပ်(၂၀) သိန်းနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ရာ
မြို့နယ်ကျန်မာရေး ဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်က လက်ခံခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အဖွဲ့သည် အောက်စီဂျင်စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်နေမှုများအား
လည်းကောင်း၊ တောင်ကုတ်မြို့တွင်းလမ်းများ အခြေအနေအား လည်းကောင်း၊ တောင်ကုတ်တက္ကသိုလ်၌
အဆင့်မြင့် အားကစားကွင်းတည်ဆောက်နေမှုအား လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း
သိရသည်။
မြို့နယ်ပြန်ဆက်

No comments:
Post a Comment