Monday, September 6, 2021

ချင်းပြည်နယ် အစိုးရအဖွဲ့က ဖလမ်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်သည့် ဘာသာရေး ဆရာတော်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

 


ဖလမ်း စက်တင်ဘာ 

ချင်းပြည်နယ်အစိုးရအဖွဲ့က ဖလမ်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်သည့် ဘာသာရေး ဆရာတော်များ၊ ပါစတာများ၊ ကက်သလစ်ဘုန်းတော်ကြီးများ၊ သီလရှင်များအား ထောက်ပံ့ပစ္စည်းများပေး အပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရစ်ယာန်ဘာသာ ဘုရားကျောင်း  (၃၁၇) ကျောင်းရှိ ကက်သလစ်ဘုန်းကြီး၊ သီလရှင်၊ ပါစတာ၊ သင်းအုပ်ဆရာ (၂၄၉)ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ခရစ်ယာန် ဘာသာရေးကျောင်း တာဝန်ရှိသူများက လက်ခံရယူကြသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသည့် သာသနာ တာဝန်ထမ်းဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်များ၊ ပါစတာများ၊ တရားဟောဆရာများ စုစုပေါင်း (၃၄၁၃) ဦးအတွက် ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စများ ပြည့်စုံစေရန် တစ်ပါး/တစ်ဦးလျှင် ကျပ်- ၁၈၀၀၀ နှုန်းဖြင့် စုစုပေါင်း  ကျပ်-၆၁၄၃၄၀ဝိ/- ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဖလမ်းမြို့နယ်အတွင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း(၁၁)ကျောင်း၊ သံဃာ(၄၅)ပါးအတွက် ကျပ်- ၈၁၀၀၀ဝိ/-၊သီလရှင်ကျောင်း (၁)ကျောင်းရှိ သီလရှင် (၇)ပါးအတွက်ကျပ်- ၁၂၆၀၀ဝိ/-၊ခရစ်ယာန်ဘာသာဘုရားကျောင်း ၃၁၇ ကျောင်းမှ ကက်သလစ် ဘုန်းကြီး၊သီလရှင်၊ပါစတာ၊သင်းအုပ်ဆရာ ( ၂၄၉ )ဦးအတွက် ကျပ်- ၄၄၈၂၀၀ဝိ/- စုစုပေါင်း ၃၀၁ ပါး/ဦးအတွက် ကျပ်-၅၄၁၈၀၀ဝိ/- ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရှိန်း(ဇလပ်မြေ)

No comments:

Post a Comment