Tuesday, September 7, 2021

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသော ပရဟိတလူမှုကူညီရေးအသင်းများအား စက်သုံးဆီနှင့်စားသောက် စားရိတ်များ‌ ထောက်ပံ့


 




လားရှိုး စက်တင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က စက်သုံးဆီနှင့် စားသောက်စားရိတ်များ တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ရာ၌ လားရှိုးမြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသော ပရဟိတလူမှုကူညီရေးအသင်းများအား စက်သုံးဆီလိုအပ်ချက်ကိုဖြည့်တင်းပေးခြင်း အနေဖြင့် တစ်ရက်လျှင်ဆီ(၈၀)ဂါလံ တစ်ဂါလံ(၄၂၀၀)ကျပ်နှုန်းဖြင့် ရက်(၃၀)အတွက်ငွေကျပ်စုစုပေါင်း ကျပ်သိန်း တစ်ရာ ရှစ်သောင်းကျပ်နှင့် စားသောက်စားရိတ်လူတစ်ဦး တစ်ရက်(၄၀၀၀)ကျပ်နှုန်းဖြင့် လူဦးရေ(၆၀)ဦးအတွက် ရက်(၃၀)စာ ငွေကျပ်(၇၂)သိန်းကျပ်တို့အား လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလည်းကောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပစ္စည်းများ ဖြစ်သော ပိုးသတ်ဆေး (၂၀)လီတာပါ ဆေးပုံး(၁၀)ပုံးနှင့် ကိုဗစ်ကာကွယ်ရေး Level(2)အင်္ကျီ အစုံ(၁၅၀)တို့အား လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးတို့က ပေးအပ်ခဲ့ကြရာ လားရှိုးမြို့မှ ပရဟိတလူမှုကူညီရေး အသင်းများက လက်ခံရယူခဲ့ကြသည်။

 

လားရှိုးမြို့နယ်အနေဖြင့် စက်တင်ဘာလ()ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း(၂၇၀၆)ဦးတွေ့ရှိခဲ့ရပြီး ဆေးရုံဆင်းသွားသူ (၂၃၂၄) ဦးရှိနေကာ စက်တင်ဘာလဆန်းပိုင်းတွင် ပိုးတွေ့ဦးရေမှာ သိသာစွာကျဆင်း လာနေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံက သိရှိရသည်။

 

ဟန်ဌေး

No comments:

Post a Comment