Tuesday, September 7, 2021

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကျင်းပ










ရန်ကုန် စက်တင်ဘာ ၇

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံက်ပိုင်းက ရန်ကုန်မြို၊ ဗိုလ်တထောင်မြိုနယ် သိမ်ဖြူလမ်း အမှတ်၂၂၈ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ပထမထပ် စုဝေးခန်းမတွင် ကျင်းပခဲ့သည်။



အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ ဥက္ကဋ္ဌ ဒေါက်တာလှသန်း ကိုယ်စား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ အတွင်းရေးမှူး ဒေါက်တာဒေါ်သီတာတင်က ယနေ့ ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော  သတင်းမီဒီယာကောင်စီဝင်ကိုယ်စားပြု  ၂၉ ဦးက ကိုယ်စားလှယ်အတွက် ဆန္ဒမဲပေးကြရာ ၁၁ ဦး ရွေးချယ်ခံရပြီး အဆိုပါ ၁၁ ဦးမှ လေးဦးကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ၂၃ ဦးရှိပြီး ယနေ့ ရွေးချယ်တင်မြှောက်သော လေးဦးကို ကန့်ကွက်လိုပါက ယနေ့မှစ၍ ခုနှစ်ရက်အတွင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲထံ စက်တင်ဘာ ၁၃ ရက်နေ့ထိ ကန့်ကွက်စာပိုနိုင်ပြီး၊ လက်ခံစာရရှိပြီး ၁၅ ရက်အတွင်း ရွေးချယ်တင်မြှောက်ရေးအဖွဲက ကြားနာစစ်ဆေးဆုံးဖြတ်ကာ အတည်ပြုပေးမည်ဖြစ်သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အသစ် ရွေးချယ်တင်မြှောက်ပွဲကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)၊ အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂) အပါအဝင် နေရာ ရှစ်နေရာအတွက် ယနေ့ကျင်းပသောနေရာ၌ ထပ်မံကျင်းပသွားမည်ဖြစ်ပြီး ယနေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ပွဲ၌ ဦးနေထွန်းဝင်း(နောင်ရဲဦး)၊ ဦးစိုးမင်း(ရန်ကင်းစိုးမင်း)၊ ဦးရဲရင့်စိုးညွန့် နှင့်ဒေါ်ချိုဇင်(နွေ ဦးလင်း)တို ရွေးချယ်ခံရကြောင်း သိရသည်။

No comments:

Post a Comment