Monday, September 6, 2021

ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက်အတွင်း ဧရာဝတီ မြစ်ရေဝင်ရောက်နေသည့် အခြေအနေအား လိုက်လံစစ်ဆေး

 


ပန်းတောင်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက် အတွင်း ဧရာဝတီ မြစ်ရေဝင်ရောက်နေသည့်နေရာသို့ ယမန်နေ့ ညနေ့ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ဆေးခဲ့ရာ ဧရာဝတီ မြစ်ရေစိုးရိမ်အမှတ် (၂၇၄၃) စင်တီမီတာဖြစ်ပြီး စက်တင်ဘာ ၅ ရက် ညနေ့ပိုင်းအချိန်တွင် (၂၇၁၀)စင်တီမီတာ သို့ ရောက်ရှိခဲ့၍ ထုံးဘိုနယ်မြေ မီးသတ်စခန်းနှင့် (၅)ဖာလုံခန့်အကွာရှိ ခတ္တိယရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ် (၃၀)ခန့်အတွင်းသို့ မြစ်ရေဝင်ရောက်ခဲ့ပြီး လက်ရှိအခြေအနေအရ ဧရာဝတီ မြစ်ရေ (၁)လက်မ ခန့် ကျဆင်းသွား၍ စိုးရိမ်မှုမရှိပါကြောင်းနှင့်အိမ်ထောင်စုများ ပြောင်းရွှေ့မှုမရှိကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)

No comments:

Post a Comment