Monday, September 6, 2021

ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှ မွေးဖွားလာသော ၂ နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

 


ဇလွန် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT (Maternal And Child Cash Transfer) အစီအစဉ်မှ ထောက်ပံ့သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှမွေးဖွားလာသော ၂ နှစ်အောက်ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှမွေးဖွားလာသော ၂ နှစ်အောက် ကလေးများအတွက် တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀) ကျပ်နှုန်းဖြင့်ကလေးသူငယ် (၁၆၈၉)ဦး နှင့် ကိုယ်ဝန်ဆောင်မိခင် (၁၅၁၆)ဦး စုစုပေါင်း (၃၂၀၅)ဦးအတွက် စုစုပေါင်း ငွေကျပ် သိန်း(၁၄၄၂၂၅၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးများအတွက်ဖွံဖြိုးမှု အမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း ၁၀၀ အတွင်း မိခင်ရောကလေးပါ အာဟာရပြည့်စွာ စားသုံးတတ်သည့်အမူအကျင့်ကောင်းများရရှိကြစေရန် မိခင်ရောကလေးပါ ကာကွယ်ဆေးများထိုးကြရမည့်အမူအကျင့်ကောင်းများရရှိကြစေရန် မွေးစာရင်းပြုလုပ်ကြရန်၊ ကလေးမွေးတိုးစာရင်းပြုလုပ်ကြရန် ၊ ကလေးပြုစုစောင့်ရှောက်မှုအသိပညာများရရှိကြစေရန် ၊ သားဆက်ခြားမိသားစုစီမံကိန်းစနစ်တကျဆောင်ရွက်တတ်စေရန်၊ ကျန်းမာရေးဗဟုသုတများ သိရှိပြီးကျန်းမာရေးနှင့်အညီနေထိုင်တတ်စေရန်၊ ကိုယ်ဝန်ဆောင်များ၊ နှင့်ကလေးများအား စနစ်တကျပြုစုစောင့်ရှောက်ပေးရမည့် အသိပညာများရရှိကြစေရန် ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ၊ မိခင်နို့တိုက်ကျွေးခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန် ၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များ စောစီးစွာ ပြုစု၊ ကုသနိုင်စေရန် ၊ ကိုယ်ဝန်ဆောင်နှင့် ၂နှစ်အောက် ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်ရန် ၊ ထောက်ပံ့ငွေများအား အာဟာရအတွက်အဓိက အသုံးပြုရန် ၊ ကလေးများ၏ ခန္ဓာကိုယ်ရော ဉာဏ်ရည်ပါဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးရရှိကြစေရန် ၊ အသက်အရွယ်ကြီးမြင့်လာသည့် အချိန်တွင် နာတာရှည် ရောဂါများ ဖြစ်ပွားမှုနှုန်းလျော့ကျစေရန်နှင့် မိသားစု၏စီးပွားရေး ထိခိုက်မှုလျော့နည်းစေရန် ဘေးဒုက္ခများဖြစ်ပွားလာပါက မိသားစုအာဟာရအတွက် တဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ၊ ကျန်းမာသန်စွမ်းသောနိုင်ငံ့သားကောင်း သမီးကောင်းလေးများဖြစ်လာကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သက်မာစိုး၏ပြောကြားချက်အရ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)

No comments:

Post a Comment