ကျောက်ပန်းတောင်း၊ စက်တင်ဘာ-၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Sinopharm) ဒုတိယ အသုတ်( ပထမအကြိမ်) ထိုးနှံခြင်းကို သံဃာတော်များ၊ သာသနာ့ နွယ်ဝင်များနှင့် သတ်မှတ်ဦးတည်အုပ်စုအတွင်းရှိ အသက် (၅၀)နှစ်နှင့် အထက် လူပုဂ္ဂိုလ်များအား အမှတ်(၁) အ.ထ.က တွင် ဆက်လက်ထိုးနှံးပေးလျှက်ရှိရာ၊ စက်တင်ဘာ(၂၇)ရက်နေ့ (စတုတ္ထမြောက်နေ့)အထိ လူဦးရေ စုစုပေါင်း(၂၀၁၅)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ဆေး ထိုးစုရပ်သို့ ရောက်ရှိလာသည့် ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စစ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်အောက်စီ ဂျင်တိုင်းတာခြင်း၊ အပူချိန်တိုင်းခြင်းများ ကူညီဆောင်ရွက်ပေးကြ ကြောင်းသိရသည်။ အဆိုပါ ဒုတိယအသုတ်(ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ(၂၄) ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယနေ့(၄)ရက်မြောက်နေ့အထိ စုစုပေါင်း လူဦးရေ (၂၀၁၅)ဦး လာရောက်ထိုးနှံခဲ့ကြပြီးဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)

No comments:
Post a Comment