လှိုင်းဘွဲ - စက်တင်ဘာ-၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအနေဖြင့် အခြေခံ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်း တင်ပြခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အဖွင့်အမှာ စကား ပြောကြားပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးထိန်လင်းက လူထုဗဟိုပြု စီမံကိန်း၏ ရည်ရွယ်ချက်၊ စီမံကိန်း၏ အကျိုးကျေးဇူးများ၊ စီမံကိန်းတွင် ပါဝင်သော လုပ်ငန်းများ၊ ကျေးရွာအဆင့် စီမံကိန်း စက်ဝန်း၊ စီမံကိန်းအကောင်အထည်ဖော်ခြင်း၊ ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှု၊ လက်ရှိလုပ်ငန်းခွဲများ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့်ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် လုပ်ငန်းခွဲ စုစုပေါင်း (၂၂၄)ခု၊ ကျေးရွာအုပ်စု(၇၁)ခု၊ ကျေးရွာပေါင်း(၂၀၅)ရွာမှ လမ်းလုပ်ငန်း(၁၂၃)ခု၊ တံတားလုပ်ငန်း (၁၃)ခု၊ ပညာရေးလုပ်ငန်း(၃၈)ခု၊ ရေပေးရေးလုပ်ငန်း(၁၂)ခု၊ မီးလင်းရေးလုပ်ငန်း(၂၅)ခု၊ ကျေးရွာ အဆောက် အဦ(၁၀)ခုနှင့် အခြားလုပ်ငန်း(၃)ခု စုစုပေါင်း (၂၂၄)ခုတို့တွင် လုပ်ငန်း(၁၈၅)ခု ဆောင်ရွက်ပြီးစီးပြီး ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းမှာ(၃၉)ခုရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)


No comments:
Post a Comment