Tuesday, September 28, 2021

လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကကွယ်ဆေးထိုးနှံခြင်း စုရပ်(၅)ခုတွင် လူဦးရေ(၁၇၄၄၇)ဦး ထိုးနှံပြီးစီး

 



လှိုင်းဘွဲ    -   စက်တင်ဘာ-၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁၈)ရက်နေ့မှ စတင်ကာ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား  ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်း ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့်အညီ ဆေးထိုးနှံနေမှုအခြေအနေတို့ကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ စုရပ်(၅)ခုတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြီး လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်း တိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံနှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံ စုရပ်(၅)ခုတွင် စက်တင်ဘာလ(၁၈)ရက်နေ့မှ ယမန်နေ့အထိ စုစုပေါင်း လူဦးရေ(၁၇၄၄၇)ဦး ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

 

No comments:

Post a Comment