နေပြည်တော်၊ စက်တင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း
များ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်
ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့်
ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး
ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်
တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
ဇော်ဟိန်းနှင့်အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး
မွေးမြူရေးခြံသို့ လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
အောင်အောင်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်၊ စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံသို့
လည်းကောင်း အသီးသီး သွားရောက်၍ ဥစားကြက်မွေးမြူရေးလုပ်ငန်း၊ နို့စားနွားမွေးမြူရေး
လုပ်ငန်း၊ DYL ဝက် မွေးမြူရေးလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း
များကို ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး
ဈေးကွက်အတွင်းရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူ များ၏
စိုက်ခင်းများမှသီးနှံများကို နယ်မြေခံတပ်မတော်သား များက ဒေသပေါက် ဈေးအတိုင်း ဝယ်ယူပေးလျက်ရှိရာ
စက်တင်ဘာ ၁ ရက်နှင့် ယနေ့တို့တွင် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယာကြီးကျေးရွာရှိ
ဒေသခံ တောင်သူများထံမှ ကြက်သွန်နီ ၁၀၀၀၀ ပိဿာနှင့် ဖက်တောကျေးရွာရှိ ဒေသခံတောင်သူများထံမှ
ကြက်သွန်နီ ၁၃၀၀၀ ပိဿာတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက
ဒေသပေါက် ဈေးအတိုင်း သွားရောက် ဝယ်ယူအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment