Tuesday, September 28, 2021

ဇလွန်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး




ဇလွန်     စက်တင်ဘာ     ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေး ရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇလွန်မြို့နယ်အတွင်း ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြသည်။

ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပြီးလူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံးစေသည့်ရောဂါဖြစ် သောကြောင့် ခွေးရူးရောဂါကာကွယ်ဆေးကြိုတင်ထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ခြင်း ခွေးရူး ရောဂါ ကြောင့် အသက်ဆုံးရူံးမှုမဖြစ်စေရန် ခွေးရူးရောဂါ ကာကွယ်ဆေးများကို ဇလွန်မြို့ပေါ်အတွင်းရှိ ခွေးများနှင့်ကြောင်များကို အခမဲ့ထိုးနှံပေးလျက်ရှိပြီး ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ခွေး ကြောင်များအသိရှိရှိဖြင့် ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံ ခြင်းသည် မိမိနှင့်မိမိမိသားစုကိုသာမကဘဲ လူ့အဖွဲ့စည်းတစ်ခုလုံးကို ခွေးရူးရောဂါ၏အန္တရာယ်မှ ကာကွယ်နေခြင်း ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဒေါက်တာလေးမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)

No comments:

Post a Comment