Tuesday, September 28, 2021

ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ်(၁၁)လုံး ရွှေ့ပြောင်း ခဲ့ရ




ဝါးခယ်မ   စက်တင်ဘာ  ၂၈

ဧရာ၀တီတိုင်းဒေသကြီး ၊မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်  ဟင်္သာဒုံးကျေးရွာတွင် ယမန်နေ့ နံနက် ပိုင်းက ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းအနီးတွင်နေထိုင် သော နေအိမ်(၁၁)လုံး ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် မြစ်ကမ်းပါး အလျား (၄၀)ပေ၊ အနံ (၂၅)ပေပြိုကျခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိ ကြောင်း၊ မြစ်ကမ်းပါးအနီးတွင်နေထိုင်သော ဟင်္သာဒုံးကျေးရွာရှိ နေအိမ်(၁၁)လုံးနှင့် မိသားစုဝင် ကျား (၂၇)ဦး၊ (၂၂)ဦး၊ စုစုပေါင်း(၄၉)ဦးတို့အားရွှေလောင်းနယ်မြေမှ ရဲတပ်ဖွဲ့ဝင်များ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ရေဘေးလွတ်ရာသို့ယာယီရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။

ဟင်္သာဒုံးကျေးရွာအုပ်စုတွင်ကျေးရွာ()ရွာရှိပြီး ကမ်းပါးပြိုကျခဲ့သော ဟင်္သာဒုံးကျေးရွာတွင် အိမ်ခြေ (၁၈၈)လုံး၊ အိမ်ထောင်(၁၉၀)စု၊ လူဦးရေကျား(၃၇၅)ဦး၊ (၃၉၀)ဦး၊ ပေါင်း(၇၆၅)ဦး နေထိုင်၍ ဟင်္သာဒုံးကျေးရွာအုပ်စုသည် ဧရာဝတီမြစ်ကမ်းပါးတွင် တည်ရှိသောကြောင့် အလားတူမြစ် ကမ်းပါးပြို ကျမှုမျာ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)

No comments:

Post a Comment