နောင်မွန်း စက်တင်ဘာလ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် လုပ်ငန်းကျွမ်းကျင်စွာဆောင်ရွက်နိုင် စေရန်နှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်တကျဖြင့် လျှင်မြန်ထိရောက်စေရန်အတွက် ရပ်ကွက်/ ရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြိုသင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် အုပ်ချုပ်ရေးယန္တယားတွင် ရပ်ကျေးစာရေးများနှင့် အုပ်ချုပ်ရေးမှူးများ အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သောကြောင့် ယခုသင်ကြားပို့ချသည့် သင်ခန်းစာများကို မိမိတို့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက်ဖြင့် လက်တွေ့အသုံးချနိုင်စေရန် သင်ယူလေ့လာသွားကြပါရန် အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသော သင်တန်းသူ သင်တန်းသားများက မိတ်ဆက်ခြင်းနှင့် မိမိတို့တာဝန်ကျရောက်သော နယ်မြေဆိုင် ရာအခက်အခဲ များကိုဆွေးနွေးတင်ပြကြသည်။
အဆိုပါသင်တန်းတွင် ရုံးလုပ်ငန်းလက်စွဲ၊ ထွေ/အုပ်လုပ်ငန်း၊မြေစာရင်းဥပဒေဆိုင်ရာများ၊ မီးဘေး သဘာဝဘေးဆိုင်ရာဥပဒေ/နည်းဥပဒေများ၊ လူမှုဆက်ဆံရေး၊ ရပ်/ကျေးဥပဒေနည်း ဥပဒေများ၊ မြေယာ/ ယစ်မျိုး/အခွန်ဥပဒေများအကြောင်းသိမှတ်စရာများ၊ ဝန်ထမ်းရေးရာနှင့် ငွေစာရင်းလုပ်ငန်း ဆိုင်ရာများကို သက်ဆိုင် ရာမြို့နယ်ဦးစီးမှူးများ ကျွမ်းကျင်ပညာရှင်များက စက်တင်ဘာလ(၂၇)ရက်မှ အောက်တိုဘာလ(၁)ရက်နေ့ အထိသင်ကြားပို့ချသွားမည်ဖြစ်ပြီး နောင်မွန်းမြို့နယ်နှင့် ပန်နန်းဒင်မြို့မှ သင်တန်းသား/သူ(၁၃)ဦး တက်ရောက် သင်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
No comments:
Post a Comment