ရွှေဘို စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက် အခက်အခဲမဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက် နိုင်ရေးပန္နက်တင် မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စက်ရုံတည်ဆောက်မည့် အမှတ်(၁၀) တပ်မြို့တောင်ရပ်ကွက်၊ ရွှေဘို စက်မှုဇုံ အနီး မြေကွက်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုပန္နက်တင် မင်္ဂလာအခမ်းအနားသို့ ရွှေဘိုခရိုင် ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦး၊ ရွှေဘိုခရိုင်တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်၊ ရွှေဘိုခရိုင် ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မတီ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီးရဲထွဋ်ဝင်းနှင့်( Oxygen Plants Foundation )မှ တာဝန်ရှိသူများက ရွှေပန္နက်များ စိုက်ထူ၍ အမွေးနံသာရည်များပတ်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် ရွှေဘိုမြို့နယ် ကိုဗစ်ရောဂါထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အောက်ဆီဂျင် စက်ရုံဖြစ် မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ( Oxygen Plants Foundation shwebo)ဦးတူးက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ဖြစ်ပုံနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်သော လူနာများ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီအမြန်တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အကောင်အထည်ဖော် တည်ဆောက်မည့်အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းအောက်ဆီဂျင် စက်အား အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၁၇၀၀ ခန့်ကုန်ကျမည်ဖြစ်ကြောင်း၊ ပြည်သူများမှ စုပေါင်း လှူဒါန်းသည့် ငွေများ ကြောင့် ယခုလို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်းဘဏ္ဍာရေးမှူး ဦးမျိုးအောင်ဇော်( ခ) ဆရာပေထံမှ သိရသည်။
ဘိုစိုး(ရွှေဘို)

No comments:
Post a Comment