မန္တလေး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၇၂၆)စု လူဦးရေ (၂၈၁၅)ဦး တို့အား ဆန်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ဆုတောင်းပြည့် ချမ်းသာရမြတ်စွာ ဘုရားဝန်းအတွင်း ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးက ဆန်များ ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းများ ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ရပ်ကွက်နေ ပြည်သူများအား တစ်အိမ်ထောင်စုလျှင် ဆန် ၆ ပြည်နှုန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ ဆန်များထောက်ပံ့ပေးအပ်သည့် နေရာသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်

No comments:
Post a Comment