Wednesday, September 1, 2021

ထားဝယ်မြို့၌ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပ

 



ထားဝယ်  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ထားဝယ်ခရိုင်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က ထားဝယ်မြို့၊  လောကမာရဇိန်ဘုရားကြီး ဓမ္မာရုံ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။

 

ရှေးဦးစွာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒဝံသထံမှ  ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော် များနာယူကြည်ညိုခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း၍ ဃောသိတရာမပါဠိ တက္ကသိုလ် ကျောင်းတိုက်၊ သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ် တော်ရဆရာတော် ဘဒ္ဒန္တအာလောကထံမှ အနုမောဒနာတရားတော်မြတ်ကို နာယူကြည်ညိုပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ် ဆိုဆုတောင်း၍ ရုပ်သိမ်း လိုက်သည်။

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်း ဆွမ်းဆန်တော် နဝကမ္မလှူဒါန်းမည့်ဝတ္ထုငွေ များမှာ ငွေကျပ် ၁၅၅၄ သိန်း ၈သောင်း ဖြစ်ပြီး ယနေ့လှူဒါန်းသည့် ထားဝယ်ခရိုင်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ လှူဒါန်းသည့် ဝတ္ထုငွေများမှာငွေကျပ် ၄၇၈သိန်းဖြစ်၍ မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း တစ်ပြိုင်တည်း ဆက်ကပ်လှူဒါန်းသွား မည် ဖြစ်ကြောင်းသတင်းရရှိသည်။

 

ကျော်ကျော်လတ်(တိုင်းဒေသကြီးပြန်/ဆက်)

 

 

No comments:

Post a Comment