Tuesday, September 28, 2021

ပူတာအိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ(၁၂)ရွာတွင် ဓာတ်အားလိုင်းတိုးချဲ့ခြင်းလုပ်ငန်းပြီးစီး





ပူတာအို စက်တင်ဘာ ၂၈

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ကျေးလက်တောရွာ ပါ မကျန်မီးလင်းနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံများဖြင့် ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာတွင် ဓါတ်အားလိုင်းနှင့် ထရန်စဖော်မာများတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေ ပြီဖြစ်၍ ကျေးရွာများတွင်မီးလင်းနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်အားလိုင်းနှင့် စရန်စဖော်မာများ တိုးချဲ့တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်ခွင့်ပြု ရန်ပုံငွေကျပ်သန်းပေါင်း(၇၆၃ဒသမ၁၅၈)ဖြင့် ပူတာအိုမြို့နယ်အတွင်းရှိ နမ်ဒင်၊ မာမဲ့ရှီးဒီ၊ လားဝါးတား၊ အလပ် ဒမ်း၊ ဝါးဆား၊ ဖန်ခိုင်()၊ အထက်ဆန်ဂေါင်၊ ညဲဆာလာဒီ၊ နီးနာဝါချီ၊ ဖတ်မာစွပ်၊ ဆာရ်ခွမ်ဒမ်း၊ ၀မ်ခွမ်ဒမ်းကျေးရွာများတွင်  11 KV Lineနှင့် 400V Line ဓာတ်အားလိုင်းတိုးချဲ့ တပ်ဆင်ခြင်း၊ 100 KVA စရန်စဖော်မာ(၁၁)လုံးနှင့် 50 KVA စရန်စဖော်မာ တစ်လုံးတည်ဆောက်ခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ဗဏီများက ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်သည်။

ယင်းလျှပ်စစ်ဓာတ်အားများကို ၂၀၁၈-ခုနှစ်မှစတင်၍ (၃ဒသမ၂)မဂ္ဂါ၀ပ်ထွက်ရှိသည့်အထက် နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၅)ရပ် ကွက်နှင့် ကျေးရွာပေါင်း(၆၆) ရွာတို့ကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

အဆိုပါကျေးရွာများတွင် ယခင်ကဖရောင်တိုင်မီးများ၊ ဆိုလာမီးများနှင့် ကိုယ်ထူကိုယ်ထ အသေးစား လျှပ်စစ်မီးများကိုသာ အသုံးပြုခဲ့ကြရပြီး ယခုအခါ ဗို့အားပြည့်လျှပ်စစ်ဓာတ်အား ရရှိလာခြင်းကြောင့် ကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး ကဏ္ဍများတွင်များစွာ အထောက်အကူပြုလာမည်ဖြစ်ကြောင်းသိရသည်။

 ဖုန်ကန်(ပူတာအို)

No comments:

Post a Comment