Tuesday, September 28, 2021

ငဖဲမြို့နယ်မန်းချောင်းနှင့် ရင်းရှည်ရေလှောင်တမံရေပိုလွှဲမှ ၁ပေကျော်ခန့် ရေကျော်လျက်ရှိ

 


ငဖဲ စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲများမှ စက်တင်ဘာလ ၂၅ ရက်နေ့ကစ၍ ရေကျော်လျက်ရှိရာ ယနေ့နံနက် နာရီအချိန် တိုင်းထွာချက်အရ  ဆည်ရေပြည့်အမှတ်ထက် ကျော်လွန်၍ ပေကျော်ခန့် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။

အဆိုပါ မန်းချောင်းရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၂၅ ပေဖြစ်ပြီး ယနေ့နံနက် ၈ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်မှာ ၆၂၆ ဒသမ ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် ၁ ဒသမ ပေနှင့် ရင်းရှည်ရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၀၂ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၆၀၃ ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် ၁ပေခန့် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး  ရေလှောင်တမံများနှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်းနှင့် (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)

No comments:

Post a Comment