ဒဂုံတောင် စက်တင်ဘာ ၆
ဘုန်းတော်ကြီးကျောင်းများ၏ တင်ပြတောင်းခံမှုအရ အရှည် ၂၂၅၀ ပေအကျယ် ၁၈ပေ ထု ၆ လက်မ ကွန်ကရိခင်းခြင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ရှိ မြဝတီမင်းကြီးလမ်းအား မြို့တော်ဝန် ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များမှ ယနေ့နံနက် ၉နာရီ၃၅မိနစ်အချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်ထံမှ သိရှိရသည်။
အဆိုပါ မြဝတီမင်းကြီးလမ်းပျက်စီးနေမှုအား
ကွန်ကရိလမ်းသစ် ပြန်လည်ခင်းပေးရန် ရပ်ကွက် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ တင်ပြခဲ့ခြင်းအား
မြို့တော်ဝန်နှင့်ဒုတိယ မြို့တော်ဝန်တို့မှ သြဂုတ်က၂၇ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ပြီး
အမြန်ဆုံးဆောင်ရွက်ပေးမည်ဟုပြောကြားခဲ့ပြီး စက်တင်ဘာ ၂ရက်နေ့တွင် ကွန်ကရိခင်းခြင်း
စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment